LyricFind Logo
LyricFind Logo
Sign In
Lyric cover art

Sai Sai Is Sai Sai

2018

Blackkaya Ma Lote Nae (feat. N...

Apple Music logo
Deezer logo
Spotify logo
Lyrics
Yeah yeah, yeah yeah, yeah yeah
ဒီလိုမနေနဲ့ ဒီလိုနေ
ဒီလိုလုပ်ပါလား ဒီလိုလုပ်ပါလား
ဟိုလိုမနေနဲ့ ဟိုလိုနေ
ဟိုလိုလုပ်ပါလား ဟိုလိုလုပ်ပါလား

မင်းနဲ့တွေ့တိုင်း ဓာတ်စက်လိုနားတွေအူ
မီးတောင်ကြီး ပေါက်ကွဲထွက်သလို ချော်ရည်တွေလို နားတွေပူ
နေရာတကာမှာဆရာကြီးလုပ်ပြီး အပိုစကားတွေများနေသူ
ဦးနှောက်သိပ်စားတဲ့တယ်
ကပ်ဖားရပ်ဖားတွေလုပ်ပြီး အလကားနေကြွားနေသူ
ကျိုက်ထီးရိုးသေနတ်လိုပဲပေါ့ အသံတွေဆူပြီးဘာမှမထူး
ဟန်ရှိပြီ အဆံမရှိတဲ့ သင်္ကြန်အမြောက်ပေါ့ မင်းကအရူး
အပြစ်မရှိ အပြစ်ရှာ မီးခွက်ထွန်းပြီး ပြဿနာတွေရှာနေပြီ
စောင်းမြောင်း ပုတ်ခတ် နှိပ်ကွက် တိုက်ခိုက်
အချိန်တွေ တော်တော်ကြာနေပြီ
အေး စကားတွေသယ်ယူပို့ဆောင် ရောင်းဝယ်တာက အခေါက်တစ်ရာ
မဲ့ရွဲ့ပြီးတော့ မနာလို မရှုစိမ့် အတင်းချတာက ကြောက်စရာ
သူများတွေ ငါ့ထက်ကောင်းတဲ့အကြောင်းတွေ
ပြောနေတာလည်း ထောင့်တစ်ည
မတွေ့ချင်တော့ပါ နောက်တစ်ခါ မင်းပါးစပ်က ပေါက်ကရ

ငါ့နားထဲဂွမ်းဆို့ထား နားငြီးအောင်မလုပ်နဲ့
မဟုတ်တမ်းတရားတွေနဲ့ မင်းစကားတွေမရှုပ်‌နဲ့
ငါ့နားထဲလာလာပြီး ပြဿနာတွေမလုပ်နဲ့
ဗလက် ဗလက် ဗလက် ဗလက် ဗလက္ကာရမလုပ်နဲ့

ဒီလိုမနေနဲ့ ဒီလိုနေ
ဒီလိုလုပ်ပါလား ဒီလိုလုပ်ပါလား
ဟိုလိုမနေနဲ့ ဟိုလိုနေ
ဟိုလိုလုပ်ပါလား ဟိုလိုလုပ်ပါလား

တော်ပါပြီစိတ်ညစ်တယ် နင်တကယ်သိပ်ရစ်တယ်
ကြာလာရင် လစ်တော့မယ် No No
အတူနေရင် စိတ်ပိန်တယ် နင်တကယ် သိပ်နှိမ်တယ်
နေပါကွာ အိပ်နေမယ် ဒိုးဒိုး
ဆယ်ခါပြန် လက်လံတယ် ဘယ်နှစ်ခါဆက်ဆံမလဲ
ငါတကယ်လက်မခံနိုင်ဘူး အိုး
အာပလာမလုပ်ပါနဲ့ ငါဒီမှာ ငုပ်ပါတယ်
ကြာလာရင် ရှုပ်ကုန်မယ် ဟိုး ဟိုး
မင်းမျက်လုံးမှာမျက်မှန်စိမ်းနဲ့ အမြင်တွေမှုံဝေဝါးနေပြီ
နောက်ကျောကို ဓားနဲ့ထိုးဖို့ ငယ်ကျိုးငယ်နာ ရှာနေပြီ
နားမလည်ပါးမလည် စကားတွေကြွယ်ပြီး နှိပ်ကွပ်တာများနေပြီ
နေ့စဉ်ရက်ဆက် ပွားနေပြီ ငါ့နားထဲမှာ သိပ်ခါးနေပြီ
အေး မင်းရဲ့ပါးစပ်ကို အခုကိုပိတ်
ဟိတ်ဆိုဟိတ်ပါ တိတ်ဆိုတိတ်
မတ်တပ်ရပ် လက်ပိုက်ပြီး ခေါင်းကို ငြိမ့်
မျက်စိမှိတ် ကျောခိုင်းပြီး စောင်းလိုချိတ်
ဟုတ်ဟုတ်မဟုတ်ဟုတ် ဖွတယ်ဟေ့
မင်းဦးနှောက်က အမှားအမှန်မတွေး
မင်းအိမ်ရှေ့မှာ ဆိုင်းဘုတ်ချိတ်မယ် ကောလဟလ ဖြန့်ချိရေး

ငါ့နားထဲဂွမ်းဆို့ထား နားငြီးအောင်မလုပ်နဲ့
မဟုတ်တမ်းတရားတွေနဲ့ မင်းစကားတွေမရှုပ်‌နဲ့
ငါ့နားထဲလာလာပြီး ပြဿနာတွေမလုပ်နဲ့
ဗလက် ဗလက် ဗလက် ဗလက် ဗလက္ကာရမလုပ်နဲ့

ဒီလိုမနေနဲ့ ဒီလိုနေ
ဒီလိုလုပ်ပါလား ဒီလိုလုပ်ပါလား
ဟိုလိုမနေနဲ့ ဟိုလိုနေ
ဟိုလိုလုပ်ပါလား ဟိုလိုလုပ်ပါလား
ဒီလိုမနေနဲ့ ဒီလိုနေ
ဒီလိုလုပ်ပါလား ဒီလိုလုပ်ပါလား
ဟိုလိုမနေနဲ့ ဟိုလိုနေ
ဟိုလိုလုပ်ပါလား ဟိုလိုလုပ်ပါလား

ကောလဟာလဆိုတာက ယတြာမလိုဘဲကျိန်းကြေတယ်
ဝဋ်ကြွေးက ၃၆၀ ဒီဂရီရှိတယ် အစိမ်းသေမယ်
အဖက်မလုပ်တာ အဟုတ်ထင်ပြီး အရသာခံပြီး မှိန်းမနေနဲ့
Newton တတိယ နိယာမလို အပြန်အလှန်ရှိတာ ကျိန်းသေပဲ
မင်းတွေ့သမျှနဲ့ပေးစား အား ပေါက်ကရစွပ်စွဲထား
ငါ့မှာမင်းကြောင့်ကြေကွဲ အခုတော့ အားလုံး ကျွတ်ကြဲသွား
ငြင်းခုံဖို့ အကြောင်းမရှိဘူး ဖြေရှင်းနေလို့လည်း ဘာမှမထူး
လမ်းမှာတွေ့ရင် မျက်နှာချိုမသွေးနဲ့
အိမ်မက်‌ထဲတောင်ထည့်မမက်ဘူး
စေတနာလိုလို ဝေဖန်သလိုလို လေကန်နေတာ မင်းအကျင့်
စသလိုနောက်သလို အတည်လိုလိုနဲ့ ငါ့ရဲ့အကြောင်းတွေသတင်းလွှင့်
ဒါတွေအားလုံးဂရုမစိုက်ဘဲနဲ့ ရှေ့ဆက်သွားမယ်အသင့်ပြင်
ငါစိတ်မရှည်တော့ရင် တောက်ချလိုက်မယ်
မျက်စိရှေ့က မင်းလစ်

ငါ့နားထဲဂွမ်းဆို့ထား နားငြီးအောင်မလုပ်နဲ့
မဟုတ်တမ်းတရားတွေနဲ့ မင်းစကားတွေမရှုပ်‌နဲ့
ငါ့နားထဲလာလာပြီး ပြဿနာတွေမလုပ်နဲ့
ဗလက် ဗလက် ဗလက် ဗလက် ဗလက္ကာရမလုပ်နဲ့
ငါ့နားထဲဂွမ်းဆို့ထား နားငြီးအောင်မလုပ်နဲ့
မဟုတ်တမ်းတရားတွေနဲ့ မင်းစကားတွေမရှုပ်‌နဲ့
ငါ့နားထဲလာလာပြီး ပြဿနာတွေမလုပ်နဲ့
ဗလက် ဗလက် ဗလက် ဗလက် ဗလက္ကာရမလုပ်နဲ့

WRITERS

Sai Sai Kham Leng

PUBLISHERS

Lyrics © O/B/O DistroKid

Share icon and text

Share


See A Problem With Something?

Lyrics

Other

From This Artist