ခံစားချက်တွေ မဲ့နေတဲ့အချိန်
တစ်ခါပြန် မင်းကြောင့် ငါ့မှာ နောက်တစ်ခါ
သိခွင့်ရတာ ကိုယ်ကံကောင်းတယ်
ငါ့အနားမှာဝဲတဲ့ လိပ်ပြာတွေလဲ
မင်းမှ မဟုတ်တာ ဘယ်သဘောကျမလဲ
ငါ့အချစ်တွေ မင်းကို ပေးချင်ပါတယ်
သိမ်းထားပေးပါအကြင်နာဆုံးရယ်
ငါဟာအားလုံးနဲ့ တိုက်မယ့်သူရဲကောင်းလို
အရာရာ ပေးဆပ်ရင်း အသက်စွန့်ချစ်မယ့်သူ
ဒါတွေမင်းသိနိုင်ဖို့ မျှော်လင့်သူ
ငါတစ်ယောက်ထဲအတွေးတွေနဲ့ကြည်နူး
မင်းအကြောင်းတွေတွေးဒီညတော့မအိပ်ဘူး
ယုံကြည်တယ်မင်းနဲ့တို့ရဲ့ကြားက
ရင်ခုန်နှုန်းများထပ်တူကျကာ
မင်းအပြုံးတွေအားကိုယ်ကာကွယ်လို့ထား
ငါ့အနားမှာဝဲတဲ့ လိပ်ပြာတွေလဲ
မင်းမှ မဟုတ်တာ ဘယ်သဘောကျမလဲ
ငါ့အချစ်တွေ မင်းကို ပေးချင်ပါတယ်
သိမ်းထားပေးပါအကြင်နာဆုံးရယ်
ငါဟာအားလုံးနဲ့ တိုက်မယ့်သူရဲကောင်းလို
အရာရာ ပေးဆပ်ရင်း အသက်စွန့်ချစ်မယ့်သူ
ဒါတွေမင်းသိနိုင်ဖို့ မျှော်လင့်သူ
(မျှော်လင့်သူ မျှော်လင့်သူ မျှော်လင့်သူ ဟူး)
ဒါတွေမင်းသိနိုင်ဖို့ မျှော်လင့်သူ
(မျှော်လင့်သူ မျှော်လင့်သူ မျှော်လင့်သူ ဟူး)
ဒါတွေမင်းသိနိုင်ဖို့ မျှော်လင့်သူ