LyricFind Logo
LyricFind Logo
Profile image icon
Lyric cover art

Rematch

Apple Music logo
Deezer logo
Spotify logo
Lyrics
Anegga, Babu X - နောက်တစ်ခေါက်.... မကြေပွဲ (Rematch)

ရေး - Babu X (Hein Soe), Anegga (အနဂ္ဂ)
ဆို - Anegga, Babu X
တီး - Babu X
မူပိုင် - Hein Soe

ရည်းစားနဲ့ ပြတ်တဲ့အခါဆို/ ငါ့ဆီကို နင်ဖုန်းဆက်ပါ
ချိန်းထားပြီး ရောက်လို့မလာလည်း/ နင့်ကိုမြင်ရင် ငါ မမုန်းရက်ပါ
မနေ့ညက အိပ်လို့ မပျော်လို့/ နင့်ကိုလေ ငါ မှန်းဆကာ
နောက်တစ်ခေါက်လောက် ထပ်တွေ့ချင်လို/ ည သန်းခေါင်မှာ ငါ ဖုန်းဆက်တာ

Babu - Verse1
ညညဆို အိပ်မရတာ ပုံမှန်အမြဲ/ မင်းအကြောင်းကို တွေးမိတာက အချိန်မှန်ပဲ
ရပ်ကွက်ထဲမှာ ငါတို့တွေက တော်တော်ကဲ/ လူတွေ အမြင်မှာ ငါတို့တွေက ပျော်ပျော်ပဲ
ငါ့ အတွက်တော့ မင်းကို မြင်တိုင်း ရင်ပူဆဲ/ မင်းပုံစံက ငါကြိုက်တာနဲ့ အသွင်တူပဲ
စကပ်နဲ့ အင်္ကျီအရောင်လေးက ဆင်တူပဲ/ မင်းဘေးနားမှာ ရပ်နေတာက ဘယ်သူလည်း?
ဘယ်လိုလုပ် ရမလည်း? ဘော်ဒါတွေကို တိုင်ပင်ကြည့်/ ပိုင်ရှင်တွေ ကိုယ်စီ ရှိလည်း ကိုင်ချင်မိ
ယိုင်ချင်နေတဲ့ စိတ်ကို ထိန်းပြီး မနေနိုင်မိ/ ဒီအတိုင်း ဆက်သွားရင်တော့ သေနိုင်၏
အချစ်ရူးတော့ ငါမဟုတ်ဘူး ဒါပေမယ့်/ အချစ်သူရဲကောင်း ငါမလုပ်ဘူး လျှာမရှည်နဲ့
မင်းကိုငါက တွေ့ခွင်ရတာ တစ်ခါတစ်လေပဲ/ နောက်တစ်ခေါက် ထပ်တွေ့ရင်တော့ ဒါ မကြေပွဲ

Verse 2
အိပ်ထဲက တယ်လီဖုန်းကို မနေနိုင်လို့ အမြဲကိုင်/ စိတ်ထဲကမဖြေနိုင်လို့ အင်တာနက်သုံးခဏ
မင်းအိမ်ကိုမသွားအား တွေ့ဖို့ငါ မပြောထား/ အသွင်တူတဲ့ ငါတို့နှစ်ယောက်ကို မနာလိုကြ ခဏခဏ
ကော်ဖီဆိုင်သွားထိုင်မယ်ဆို ငါ့မျက်နှာကမှိုင်/ အုန်းသီးကိုမြင်ရပေမယ့် လက်ကမထိနိုင်
ညဘက်ဆို စတိတ်ရှိုးသွားမယ် အလုပ်ကမပြီးနိုင်/ ဒီတစ်ရက်ကုန်သွားပြန်ရင် နောက်တစ်ရက်ဆက်နိုင်
ရည်းစားဆိုတာချစ်နေရင်းနဲ့ မလုံလောက်သေးတာခက်/ ခန္ဓာကိုယ်လှလွန်းတော့ ရင်တွေလေးလာခဲ့
သူငယ်ချင်းတွေခေါ်လာလဲ ငါ့မှာမာန်တွေတက်/ မဟုတ်တာဆို သင်ပေးချင် ငါ့ရဲ့ဝါသနာပဲ
ဒီလိုနဲ့ငါ့ပုံစံ လူဆိုးကြီးလို့မြင်ရင် / အတူဆိုးဖို့ပြင်ဆင် ရှူးတိုးတိုးဆင်ခြင်
စိတ်ရောကိုယ်ပါ သဘောတူရင်ဘာလိုဦးမှာလဲ/ မိဘစကားနားမထောင်ပဲ ငါ့နောက်လိုက်ခဲ့

Verse 3
ဒီနေ့လဲတနေကုန်သွား မင်းမျက်နှာပဲမြင်/ သူငယ်ချင်းတွေနဲ့အတူတူသွား စိတ်ကမကြိုက်ချင်
စိတ်ကလိုတဲ့ဆန္ဒ ဖြည့်စီးခွင့်မရခင်/ ပန်းတိုင်မရောက်ခင် စိတ်ထဲကမအောင့်ချင်
လိုတာတ မရ မလိုပါ ငါ့ဘဝ/ ရုပ်ပျက်ပြီး အစင်းမထွက်ရင် ပုံစံက မလှ
ကိုလာကို သောက်လိုက်တော့ မင်းမျက်နှာ/ အမြဲတမ်းကိုလှနေတဲ့ ကိုယ်ခန္ဓာ
လိုချင်တာဆုတောင်းနေတယ် ပြောလို့ကိုမထွက်/ ချစ်ပါတယ် ခင်ရယ် သံယောစဉ်တွေဆက်
စတော်ဘယ်ရီ ချယ်ရီ ရောတော့ သီချင်းသံစဉ်ထွက်/ မင်္ဂလာဆောင်ဖို့အတွက် ငါ့မှာမာန်တွေတက်

WRITERS

Hein Soe

PUBLISHERS

Lyrics © TUNECORE INC, TuneCore Inc.

Share icon and text

Share


See A Problem With Something?

Lyrics

Other